Main menu

ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသိပညာပေးဟော ပြောပွဲကျင်းပ

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အ.မ.ကရေလယ်ကျွန်းနှင့် အ.မ.က ကျွန်းထိပ်ကျောင်း၌ အသိပညာပေးဟောပြောပွဲကို ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

     ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ စာပေဖတ်ရှုခြင်း အကျိုးကျေးဇူးများစသည့် လူငယ်လူရွယ်များနှင့် ပတ်သက်သည့် အသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး အောင်ရဲကျော်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေးအကြောင်းအရာများ၊ သဘာဝ‌ဘေးရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ချိုမီဇင်က စားသုံးသူအခွင့်အရေးနှင့် အာမခံပေးထားမှုအပေါ် တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များ၊ စားသုံးသူရေးရာဦးစီးဌာန၏ Facebook Page၊ DOCA Myanmar Mobile Application ၊ ဌာန၏ Website ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်များတွင် ဖွင့်လှစ်ထားသည့် (CICC)များကို လူကိုယ်တိုင် လာရောက်၍ လည်းကောင်း၊ Consumer Call Center 1535ကို ခေါ်ဆို၍တိုင်ကြားနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း Online မှတ်ပုံတင်ခြင်းနှင့်ပတ် သက်၍ သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ Onlineမှတဆင့်ဝယ်ယူရာတွင် လိမ်လည်မှုမခံရအောင် သိရှိရမည့်အချက်များကိုရှင်း လင်းဆွေးနွေး အသိပညာ ပေးခဲ့ပြီး  လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

   ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်ပြပွဲနှင့် အသိပညာပေးနယ် လှည့် နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Doca(ဧရာဝတီ)