မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများအနေဖြင့် ပြည်သူများကုန်စည်နှင့်ဝန်ဆောင်မှုများ လုံခြုံစိတ်ချစွာအသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ပြင်ဦးလွင်မြို့နယ်၊ ဆင်လဝါကျေးရွာ၌ရှိသော မိဖုရားအဆင့်မြင့် သဘာဝလ္ဘက်ခြောက်စက်ရုံသို့ နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ခရိုင်ဦးစီးမှူး ဦးသက်လွင်ထူးဦးဆောင်၍ စစ်ဆေးရေးအရာရှိများမှ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ခရိုင်ဦးစီးမှူ းဦးသက်လွင်ထူးမှ မိဖုရားအဆင့်မြင့် သဘာဝလ္ဘက်ခြောက်စက်ရုံတည်ထောင်သူ ဦးသိန်းထွေးနှင့်တွေ့ဆုံရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ အခန်း (၁၈) ပုဒ် မ(၄၁ )ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ခေတ်မီတိုးတက်လာသည်နှင့်အမျှ မိမိတို့ထုတ်ကုန်များကို ထုတ်ပြန်ထားသောဥပဒေများအပေါ် လိုက်နာကျင့်သုံးပြီး ပြင်ဆင်ထုတ်လုပ်ရန်လိုအပ်ကြောင်း၊ ယခုစားသုံးသူပြည်သူများအနေဖြင့် မိမိတို့ဝယ်ယူမည့်ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူတက်သည့်အလေ့အကျင့်များ ရှိနေပြီဖြစ်သည့်အတွက် လုပ်ငန်းရှင်များမှ လိုက်ပါပြင်ဆင်ဆောင်ရွက်မှသာ စျေးကွက်အတွင်း နေရာရလာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး မိဖုရားအဆင့် မြင့် သဘာဝလ္ဘက်ခြောက် စက်ရုံအတွင်းရှိ ကုန်ပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)