Main menu

ဘားအံမြို့ရှိ မုန့်လုပ်ငန်းများအား  ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     (၁၃-၁-၂၀၂၆) ရက် ၊ နံနက် (၁၁:၃၀) နာရီအချိန် တွင် ဘားအံမြို့ရှိ  အမှတ်(၉) ရပ်ကွက် အတွင်း  ရောင်းချနေသော ရွှေမေတ္တာ(မုန့်မျိုးစုံလုပ်ငန်း)သို့ စစ်ဆေးရေးအရာရှိ ဒေါ်သီတာဌေးနှင့် စားသုံး/ ထုတ်လုံ ဝန်ထမ်း(၄)ဦးတို့သည် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်စုနွေးသီရိမောင်က စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ထားသော မုန့်များကိုသာထုတ်လုပ် ရောင်းချကြရန်၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေနှင့်အညီ ဆောင် ရွက်ကြရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရန်အတွက် စားသုံးသူရေးရာ ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးသို့ လာရောက်လျှောက်ထားနိုင်ပါကြောင်း  အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA ကရင်)