
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ရုံးအုပ် ဒေါ်သီတာဌေးနှင့် ဝန်ထမ်းများသည် (၁၃-၁-၂၀၂၆) ရက် ၊ နံနက် (၁၀:၀၀) နာရီအချိန် တွင် ဘားအံမြို့ရှိ အမှတ်(၅) ရပ်ကွက်အတွင်း နိုနာဆွစ် နာမည်ဖြင့် အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ထား သောလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရွှေဖားစည်အိမ်ရာ-၂၊ တိုက်-၉၊ အခန်း(၃၀၂) ဓမ္မဝါသီ ကျောင်းလမ်း၊ ၊ အမှတ်(၅) ရပ်ကွက်၊ ဘားအံမြို့၊ လိပ်စာပါအတိုင်း နိုနာဆွစ် နာမည်ဖြင့် မြေပြင် ပေါ်တွင် အမှန်တကယ်ရှိ/မရှိ နှင့် ရောင်းချသည့် လူသုံးကုန်ပစ္စည်းများ အမှန်တကယ်ရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ရာ မြေပြင်ပေါ်တွင် ဖော်ပြပါလိပ်စာနှင့်ကုန်ပစ္စည်းများအတိုင်း မှန်ကန်မှုရှိကြောင်း စိစစ်တွေ့ရှိရသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေး ရေးအရာရှိ ဒေါ်စုနွေးသီရိမောင်မှ ဆိုင်ပိုင်ရှင်အား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရမည့် အချက်(၁၇)ချက်အားမေးမြန်း ဆောင်ရွက် ခြင်းနှင့် ကုန်ပစ္စည်းများအား လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
(DOCA ကရင်)
