Main menu

ရှမ်းပြည်နယ် (တောင်ပိုင်း) သို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (ဒုတိယပတ်)အတွင်း ဆန်များ စီးဝင်မှု အခြေအနေ

Powered by Drupal

      ရှမ်းပြည်နယ်တွင် ဒေသတွင်းဆန်ထွက်ရှိမှုမှာ (၉၂၅၃၄၁)တန် ဖြစ်ပြီး သုံးစွဲမှုမှာ (၉၀၁၁၈၉)တန်၊ ပိုလျှံမှုမှာ (၂၄၁၅၁)တန် ဖြစ်ပါသည်။ ရှမ်းပြည်နယ်တွင် ဆန်ဖူလုံမှုရှိပြီး ဆန်လိုအပ်မှုမရှိသော်လည်း ပြည်နယ်အတွင်း၌ တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ရွှေ့ပြောင်းလုပ်သားပြည်သူများအနေဖြင့်  ဒေသမှထွက်ရှိသော ဆန်ကို စားသုံးမှုနည်းပါးပြီး အခြားတိုင်းဒေသကြီးများမှ ဆန်များကို ဝယ်ယူတင်သွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

        အခြား တိုင်းဒေသကြီးများမှ ရှမ်းပြည်နယ်အတွင်းသို့ ဆန်များစီးဝင်မှုအခြေအနေများအား ကလောမြို့နယ်၊ နမ့်ပန်တက်စစ်ဆေးရေးဂိတ်တွင် စာရင်းကောက်ယူပြုစုလျက်ရှိပါသည်။ ရှမ်းပြည်နယ် အတွင်းသို့ အများဆုံးစီးဝင်လျက်ရှိသော ဆန်အမျိုးအစားများမှာ ဧည့်မထ၊ ငစိန်၊ ပေါ်ဆန်းနှင့် ရွှေဘိုပေါ်ဆန်း ဆန်များဖြစ်ပါသည်။

       ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (ဒုတိယပတ်)အတွင်း ဆန်များ စီးဝင်မှု အခြေအနေမှာ ပဲခူးတိုင်းဒေသကြီး မှ (၃၇) တန်၊ မန္တလေးတိုင်းဒေသကြီး မှ (၆၆)တန်၊ စစ်ကိုင်းတိုင်းဒေသကြီး မှ (၁၁) တန်၊ စုစုပေါင်း(၁၁၄) တန် ဖြစ်ပါသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း) သို့ စီးဝင်လာသော ဆန်များအား ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ ဒေသများသို့ ဆက်လက်သယ်ယူပို့ဆောင် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)