Main menu

“ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အသစ်ပြုလုပ်သောကုမ္ပဏီများအားကွင်းဆင်းစစ်ဆေး”

Powered by Drupal

        မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ကျောက်ဆည်ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများသည် (၂၂-၁၁-၂၀၂၂) ရက်နေ့တွင် ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်ရှိ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အသစ်ပြုလုပ်သောကုမ္ပဏီများဖြစ်သည့်  စဉ့်ကိုင်မြို့နယ်၊ ရွာဟောင်းကုန်းကျေးရွာရှိ  ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရောင်းချနေသည့် Hay Zar Lay Co.,Ltd နှင့် ကျောက်ဆည်မြို့နယ်၊ ရှမ်းရွာကြီးကျေးရွာရှိ Lecheng Co.,Ltd ၏ ကျောက်မီးသွေးရောင်းဝယ်ရေးလုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ကုမ္ပဏီများမှ ၄င်းတို့လိပ်စာတွင် အမှန်တကယ်ဖွင့်လှစ်ထားခြင်းရှိ/မရှိ ဒါရိုက်တာအဖွဲ့ဝင်များသည်နေရပ်လိပ်စာများတွင် အမှန်တကယ်နေထိုင်ခြင်းရှိ/မရှိ နေထိုင်သည့်အဆောက်အဦအမျိုးအစား၊ ပိုင်ဆိုင်မှုအခြေအနေ၊ ယခင်က ကုမ္ပဏီတည်ထောင်ခဲ့ခြင်း ရှိ/မရှိ၊ ကုမ္ပဏီမှလျှောက်ထားမှုလုပ်ငန်းနှင့် လက်ရှိမြေပြင်တွင် ဆောင်ရွက်နေသည့်လုပ်ငန်းအခြေအနေ ကိုက်ညီမှုရှိ/မရှိနှင့် ဆောင်ရွက်သည့်လုပ်ငန်း၏ ဆောင်ရွက်ပြီးစီးမှုပမာဏအား စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)