Main menu

သရက်မြို့၊ အနောက်ရပ်တောင်ပိုင်းရပ်ကွက်၊ အုဠ်ဖိုတိုက်ကျောင်း ဘုန်းတော်ကြီးကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်းများ သည် ပညာရေးဌာနနှင့် ပူးပေါင်း၍ (၁၄..၂၀၂၆)ရက်နေ့ နံနက်(၀၉း၃၀)နာရီအချိန်တွင် သရက် မြို့ အနောက်ရပ်တောင်ပိုင်းရပ်ကွက် အုဠ်ဖိုတိုက်ကျောင်း ဘုန်းတော်ကြီးကျောင်း ကွမ်းအုံ ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကျောင်းမှ ဆရာ/ဆရာ()ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၀၀)ဦး၊မိဘပြည်သူ()ဦး စုစုပေါင်း(၁၀၉)ဦးနှင့် ဘန့်ပြင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)မှ ဆရာ/ဆရာ(၁၂)ဦး၊ကျောင်းသား/ကျောင်းသူ (၄၀)ဦး၊ မိဘပြည်သူ ()ဦး စုစုပေါင်း(၅၄)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ ကြောင်း သိရသည်။

      အဆိုပါ ဟောပြောပွဲတွင် ဒု-ဦးစီးမှူး ဒေါ်ရီရီထွေးက စားသုံးသူဘေးကင်း လုံခြုံစိတ်ချ ရသည့် ကုန်စည်များဝယ်ယူတတ်စေရန် ကုန်အညွှန်းအမှတ်အသား၏ အဓိပ္ပါယ်နှင့် မြန်မာစာဖြင့် ရေးသားဖော်ပြပါရှိသော ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များကိုသာ ဝယ်ယူခြင်း၊ အသုံးပြုခြင်းများ ဆောင်ရွက်ရန် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေးများနှင့် တာဝန်များအကြောင်းနှင့် အွန်လိုင်းမှ ဈေးဝယ် ယူရာတွင် ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ် ရရှိပြီးသည့် လုပ်ငန်းရှင် များထံမှသာ ဝယ်ယူကြစေရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

DOCA(မကွေး)