Main menu

ကျွန်းလှမြို့တွင် စိုက်ပျိုးရောင်းချလျက်ရှိသော ပြောင်းချို ဈေးနှုန်း

Powered by Drupal

                စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျှက်ရှိရာ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင် တစ်နိုင် အနေ ဖြင့် ပြောင်းချိုပင်များ စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

             ပြောင်းချိုပင်များကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြပြီး ပြောင်းရိုးများကို နွားစာအဖြစ် အသုံးပြုကြကာ ပြောင်းချိုဖူးသည်လည်း ရာသီမရွေးစိုက်ပျိုးရောင်းချလျက်ရှိပြီး ယခင်နှစ်များထက် ဈေးကောင်းရရှိသည့်အတွက် ဒေသခံ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

          ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ် ကျွန်းလှမြို့တွင်  ရောင်းချနေသော ပြောင်းချိုဖူး ဈေးနှုန်းများမှာ ပြောင်းချို အဖူးကြီး တစ်ဖူးလျှင်(၇၀၀/၈၀၀)ကျပ်၊ ပြောင်းချို အဖူးလတ် တစ်ဖူးလျှင် (၅၀၀) ကျပ်၊ ပြောင်းဖူးပြုတ် တစ်ဖူးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိလျက်ရှိကြောင်း ပြောင်းချိုကို သရေစာ ပြောင်းဖူးပြုတ် ရောင်းချသည့် ဈေးသည်များအပြင် စားဖွယ်စုံဆိုင်များ၊ အိမ်ရှင်မများမှအရန်ဟင်းအဖြစ် ပြောင်းဖူးကိုကြော်စားသည့် အတွက် ရောင်းအားကောင်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)