Main menu

ပခုက္ကူမြို့ပေါ်တွင် ရောင်းချနေသော ပဲကြီးကြော်(ပဲဖူးကြော်/ နှစ်ပြန်ကြော်) ဈေးနှုန်း/ဈေးကွက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် ပဲကြော်လုပ်ငန်းများအား တွင်ကျယ် စွာ လုပ်ကိုင် လျက်ရှိပါသည်။ ပဲကြော်လုပ်ငန်းရှင်မှ လက်ရှိအချိန်တွင် ပဲကြီးကြော်/နှစ်ပြန်ကြော် များမှာ ရောင်းအားသွက်လျက်ရှိကြောင်း၊ ကုန်ကြမ်းပဲကြီးများကို  မုံရွာမြို့၊  အောင်လံမြို့များမှ တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)ဖြင့် ဝယ်ယူရကြောင်း၊ တစ်နေ့လျှင် ပျမ်းမျှပိဿာ အချိန်(၁၀၀) ခန့်ကြော်ရကြောင်း၊ မိသားစုလုပ်အားကိုသာ အဓိကထားလုပ်ကိုင်ကြပြီး ပြင်ပ လုပ်သားအနည်းငယ်ဖြင့်သာ လုပ်ကိုင်လျက်ရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေ၍ တွက်ခြေကိုက်ကြောင်း သိရှိရပါသည်။

          ပဲကြီးကြော်ကို လက်ဖက်နှင့်တွဲ၍ စားသုံးလေ့ရှိရာ ဒေသတွင်း စားသုံးမှုသာမက မုံရွာ၊ ရန်ကုန်၊ ကလေး၊ ကလေးဝမြို့များသို့ အမှာရှိလျှင် လက်လီလက်ကားရောင်းချကြောင်း၊ နယ်မှ မိတ်ဆွေများအတွက် ဒေသလက်ဆောင်အနေနှင့် ဝယ်ယူသူများကြောင့် ဝယ်လိုအားကောင်း ကြောင်း သိရပါသည်။ ပဲကြီးခြမ်းကြော်ကို ဈေးကွက်၌ ဒေသအခေါ် ပဲဖူးကြော်ဟူ၍ လည်းကောင်း၊ ခုနှစ်ထွေကြော်ဟူ၍ လည်းကောင်း ခေါ်တွင်ကာ ယခုအချိန်တွင် တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀) ဈေးနှုန်းဖြင့် ရောင်းချရကြောင်းကျော်မြင့်ထွန်းပဲကြော်လုပ်ငန်းရှင်၏ ပြောပြချက်အရသိရှိ ရပါသည်။

DOCA(မကွေး)