Main menu

ကျွန်းလှမြို့တွင် ရောင်းချနေသော မြေပဲပွကြော်နှင့် ပဲစိမ်းကြော်ဈေးနှုန်း

Powered by Drupal

                     ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် ပဲစိမ်းကြော်ထုတ်များကိုရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

               ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ် ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများနှင့် ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ပဲစိမ်းကြော်ထုတ် ဈေးနှုန်းများမှာ ပဲစိမ်းကြော် တစ်ထုတ် လျှင်(၇၀၀)ကျပ်၊ (၃)ထုတ်လျှင်(၂၀၀၀)ကျပ်၊ (၁၀)ထုတ်လျှင်(၆၈၀၀)ကျပ်၊ မြေပဲဆားလှော် နို့ဆီ()ဘူး လျှင်(၁၄၀၀)ကျပ်၊ နို့ဆီ()ဘူးလျှင်(၅၆၀၀)ကျပ်၊ ()ပြည်လျှင်(၁၁၂၀၀)ကျပ် နှင့် မြေပဲပွကြော် နိုဆီ ()ဘူးလျှင်(၇၀၀)ကျပ်၊ တစ်ပြည်လျှင်(၅၃၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း  ယခင်အပတ်ထက်မြေပဲဆားလှော်တစ်ပြည်လျှင်(၁၃၀၀)ကျပ် ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပဲစိမ်းကြော်များကို ရေဦးမြို့၊ ပြင်ဦးလွင်မြို့ (၂၁)မိုင်တို့မှ မှာယူရောင်းချပြီး မြေပဲပွကြော်နှင့်မြေပဲဆားလှော်တို့ကိုတော့ မုံရွာမြို့တို့မှ မှာယူရောင်းချကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင် များထံမှ သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)