
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖို ဆောင်သီးနှံ ဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ်ပင်၊ ဗိုလ်စားပဲ၊ ထောပတ်ပဲ၊ ပဲနီ ရုံးပတီသီး၊ ခရမ်းသီးနှင့် ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ကင်ပွန်းချဉ်ရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာအရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရသည်။
ဇန်နဝါရီလ ပထမပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဖြစ်ပေါ် နေသော ဗိုလ်စားပဲအစို နှင့် ထောပတ်ပဲအစို ဈေးနှုန်းများမှာ ဗိုလ်စားပဲအစို နို့ဆီ(၁)ဘူးလျှင်(၂၀၀၀)ကျပ်၊ နို့ဆီ(၄)ဘူးလျှင်(၈၀၀၀)ကျပ်၊ တစ်ပြည်လျှင်(၁၅၀၀၀)ကျပ် နှင့် ထောပတ်ပဲအစို နို့ဆီ(၁)ဘူးလျှင် (၁၃၀၀)ကျပ်၊ နို့ဆီ(၄)ဘူးလျှင်(၆၂၀၀)ကျပ်နှင့် တစ်ပြည်လျှင်(၁၀၄၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ယခု ဇန်နဝါရီလ ဒုတိယပတ်တွင် ပဲအစိုများဝင်ရောက်မှုများလာပြီး ကျွန်းလှမြို့၊ ပိတောက်မြိုင် ဈေးတွင် ရောင်းချ နေသော ဗိုလ်စားပဲအစို နှင့် ထောပတ်ပဲအစို ဈေးနှုန်းများမှာ ဗိုလ်စားပဲအစို နို့ဆီ(၁)ဘူးလျှင် (၁၅၀၀)ကျပ်၊ နို့ဆီ(၄)ဘူးလျှင်(၆၀၀၀)ကျပ်၊ တစ်ပြည်လျှင်(၁၂၀၀၀)ကျပ် နှင့် ထောပတ်ပဲအစို နို့ဆီ(၁) ဘူးလျှင်(၈၀၀)ကျပ်၊ နို့ဆီ(၄)ဘူးလျှင်(၃၀၀၀)ကျပ်နှင့် တစ်ပြည်လျှင် (၆၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်အပတ်ထက် ဗိုလ်စားပဲအစို တစ်ပြည်လျှင်(၃၀၀၀)ကျပ် ထောပတ်ပဲအစို တစ်ပြည်လျှင်(၄၄၀၀)ကျပ် ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
