Main menu

စစ်ကိုင်းမြို့၊ မြို့သစ်အရှေ့ပိုင်းရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်(၂)ဆိုင်အား ဈေးကွက် စောင့်ကြည့်စစ်ဆေး

Powered by Drupal

                          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုအရ ခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ (၂)ဦးသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့တွင် စစ်ကိုင်းမြို့၊ မြို့သစ်အရှေ့ပိုင်းရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်  (၂)ဆိုင်၌  ဖြန်ဖြူးရောင်းချနေသော စားသုံးဆီအမျိုးအမျိုးတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ (၂/၂၀၁၉)၊ (၁/၂၀၂၁) ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့သည်။

                 ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များ၊ (၁/၂၀၂၁)ညွှန်ကြားချက်ပါ အသေးစိတ်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း   (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)