
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေး ခန်းမ(၁)၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်တွင် (၆.၁.၂၀၂၆)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်၌ ကျင်းပပြုလုပ်သောမြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေးကော်မရှင်လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၆)သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များမှ Online စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အစီအစဉ်(၈)ခုဖြင့် ကျင်းပခဲ့ကြောင်း၊ အစည်း အဝေးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်၊ အတွင်းရေးမှူးက မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေ တင်ပြခြင်း၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်တင်ပြခြင်း၊ အမှာစာများ ဖတ်ကြား တင်ပြခြင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဥက္ကဌက အမှာစာ များအပေါ်အဆုံး အဖြတ်ပေးခြင်း၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင် အဖွဲ့ဝင်များက ဆွေးနွေး တင်ပြခြင်း၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဌများက ဆွေးနွေးတင်ပြခြင်း၊ မြန်မာနိုင်ငံစားသုံးသူကာ ကွယ်ရေး ကော်မရှင်ဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး ညနေ(၁၆:၃၂)အချိန်တွင် အစည်းအဝေးပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
