
မိုးနှမ်းများကို မေလ၊ ဇွန်လနှင့် ဇူလိုင်လတို့တွင် စတင်စိုက်ပျိုးကြပြီး ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိကြောင်း သိရှိရသည်။ ၂၀၂၅-၂၀၂၆ခုနှစ်၊ နွားထိုးကြီးမြို့နယ်အနေဖြင့် မိုးနှမ်းစီမံကိန်း (၁၇၄၅၀၂)ဧကလျာထားချက်တွင် စိုက်ပျိုးပြီး ဧက (၁၇၄၅၀၂)ဧက၌ ဧကအားလုံးရိတ်သိမ်းခဲ့ပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် (၅-၆)တင်းခန့် ထွက်ရှိခဲ့ကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။ တစ်ဧက မျိုးစေ့(၄)ပြည် စိုက်ပျိုးကြောင်း၊ ထွန်ကြောင်းဆွဲပြီး ကြဲပတ်စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၃၀၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ ထွက်ပေါ်ချိန်ရောင်းဈေးအနေဖြင့် တစ်တင်းလျှင်(၉၀,၀၀၀) ကျပ်ခန့်ရရှိကြောင်း၊ တစ်ဧကအကျိုး အမြတ်အနေဖြင့် (၂၄၀,၀၀၀)ကျပ်ခန့်ရရှိကြောင်း မိုးနှမ်းစိုက်တောင်သူစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
နွားထိုးကြီးမြို့နယ်တွင် မိုးနှမ်းများကို ရွာကြီးကျေးရွာ၊ နနွင်းတော်ဘိုးရွာ၊ ကန်ရွာ၊ ကုန်းသာရွာ၊ နန်းတည်ရွာ၊ ထနောင်းကုန်းရွာနှင့် ဇရပ်ကြီးကျေးရွာများတွင် စိုက်ပျိုးထားရှိကြောင်း၊ ၂၀၂၆ခုနှစ် ဇန်နဝါရီလ၌ မိုးနှမ်းညို တစ်တင်းလျှင်(၉၅၀၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဒေသထွက်မိုးနှမ်းကိုကြိတ်ခွဲ၍ ဒေသတွင်းကျေးရွာများ၌ နှမ်းဆီအဖြစ်စားသုံးကြပြီး၊ နှမ်းစေ့ကို မုန့်လုပ်ငန်းနှင့် လဖက်ပဲကြော်လုပ်ငန်းများတွင် အသုံးပြုကြပါသည်။ နှမ်းဆီကြိတ်ဖတ်များကိုလည်း တိရိစ္ဆာန်အစာအဖြစ် အသုံးပြုကြပါသည်။ ကျေးရွာများမှထွက်ရှိသော နှမ်းများကို မြင်းခြံမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
