Main menu

စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  တိုင်းဒေသကြီးဦးစီးမှူးရုံးမှ၊ ဒုတိယ ဦးစီးမှူးနှင့်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းတစ်ဦးတို့သည် ၂၀၂၆ ခုနှစ်၊ ဇနဝါရီလ () ရက်နေ့၊ နံနက် (:၀၀) နာရီ အချိန်တွင် မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်များမှ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

              ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရွှေတိုက်စိုး အရောင်းဆိုင်များမှ စားအုန်းဆီတစ်ပိဿာ (၇၁၅၀) ကျပ်၊ လူတစ်ဦးလျှင် (၅၀) ကျပ်သား နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။ ထိုသို့ရောင်းချရာတွင် စားအုန်းဆီများကို အလေးချိန် ပြည့်မှီစွာရောင်းချပေးရန်၊ မိမိတို့ ခွဲတမ်း ရရှိသည့်အတိုင်း အားလုံးရောင်းချပေးရန်၊ အသိပေးပြောကြားခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ၊ လုပ်ငန်းရှင် များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊  ဈေးနှုန်း မြှင့်တင် ရောင်းချခြင်းများ ပြုလုပ်ပါက ဥပဒေအရအရေးယူခံရနိုင်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာရမည့်တာဝန်များ အကြောင်းအသိပညာပေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)