Main menu

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်းဆန်(တစ်အိတ်)လျှင် ၈၅၀၀၀ ကျပ်၊ ဧရာမင်းဆန်(တစ်အိတ်)လျှင် ၆၅၀၀၀ ကျပ်၊ ငစိန်ဆန်(တစ်အိတ်)လျှင် ၄၀၀၀၀-၄၁၀၀၀ ကျပ်၊  ပဲဆီ(တစ်ပိဿာ)လျှင် ၉၄၅၀-၉၅၀၀ ကျပ်၊ နှမ်းဆီ(တစ်ပိဿာ)လျှင် ၉၅၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၂၀၀၀ ကျပ်၊ စားအုန်းဆီ(တစ်ပိဿာ)လျှင် ၅၈၅၀-၅၉၀၀ ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀-၈၀၀ ကျပ်၊ ငရုတ်ခြောက်(တစ်ပိဿာ) ၁၈၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ကြက်သွန်နီ(အဟောင်း) (တစ်ပိဿာ) ၄၂၀၀ မှ ၄၃၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၂၈၀၀ မှ ၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) (တစ်ပိဿာ) ၃၃၀၀ မှ ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၅၈၀၀ မှ ၆၀၀၀ ကျပ်၊ အားလူး (တစ်ပိဿာ) ၂၄၀၀ မှ ၂၆၀၀ ကျပ်၊ မန်ကျည်းသီးမှည့်(တစ်ပိဿာ)လျှင် ၄၀၀၀-၄၃၀၀ ကျပ်၊ နနွင်းတက်(တစ်ပိဿာ)လျှင် ၅၀၀၀-၅၂၀၀ ကျပ်၊ ခရမ်းချဉ်သီး(တစ်ပိဿာ) ၂၈၀၀ ကျပ်၊ ဂေါ်ဖီထုတ်(တစ်ထုတ်) ၂၀၀၀ ကျပ်၊ ပဲသီး (ပဲထောင့်ရှည်) (တစ်စီး) ၅၀၀ ကျပ်၊ ကြက်သား(တစ်ပိဿာ)လျှင် ၁၀၀၀၀-၁၂၀၀၀ ကျပ်၊ ဝက်သား(တစ်ပိဿာ)လျှင် ၁၅၀၀၀-၁၆၀၀၀ ကျပ်၊ အမဲသား(တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၇၀၀၀ ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်၊ ငါးမြစ်ချင်း(တစ်ပိဿာ)လျှင် ၇၅၀၀-၈၀၀၀ ကျပ်၊ ကြက်ဥ(၁)လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ(၁)လုံးလျှင် ၃၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၂၀၀ မှ ၁၅၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

    ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီ(အသစ်)များ မုံရွာဈေးကွက်သို့ စတင်ဝင်ရောက်နေပါသဖြင့် ကြက်သွန်နီ(အဟောင်း)ဈေးနှုန်းများ ဈေးငြိမ်နေပြီး ကျန်သီးနှံဈေးနှုန်းများ ဈေးအေးနေပါသည်။  ယခုအချိန်တွင် စားအုန်းဆီရည်ညွှန်းဈေးကျဆင်းနေသောကြောင့် စားအုန်းဆီဈေးနှုန်းများ ဈေးအေးနေပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်းဝယ်ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)