Main menu

လွိုင်ကော်ဈေးကွက်တွင်ဖြစ်ပေါ်နေသောခရမ်းချဉ်သီးဈေးနှုန်း

Powered by Drupal

     ကယားပြည်နယ်၊ လွိုင်ကော်မြို့ ၊ သီရိမင်္ဂလာဈေးတွင် လက်လီ/လက်ကား ဈေးရောင်း ဈေးဝယ်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိပါသည်။ ပြည်နယ်အတွင်းစားသုံးကုန်/လူသုံး ကုန်များပစ္စည်း၊ စားဖိုဆောင်သီးနှံများကို အများအားဖြင့်အခြားမြို့ကြီးများမှတဆင့် ဝယ်ယူ ရောင်းချကြသည်။ စားဖိုဆောင်သီးနှံတစ်ခုဖြစ်သော   ခရမ်းချဉ်သီးကို တောင်ကြီး ၊ အောင်ပန်း ၊ ကလောတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိပါသည်။ မှာယူရသည့်နေရာ ဒေသအခြေအနေနှင့် ခရမ်းချဉ်သီး အလုံးအရွယ် အစားအလိုက် အကြီး၊ အသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုများရှိ ပါသည်။ ယခင်၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၃၀၀၀မှ ၃၅၀၀)အထိရှိပြီး ယခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် တစ်ပိဿာ လျှင်ကျပ်(၈၀၀၀မှ ၈၅၀၀) ဈေးနှုန်းပေါက်လျက်ရှိပြီး ယခင်ဒီဇင်ဘာနှင့် ယခုဇန်နဝါရီလတို့ နှိုင်းယှဉ်ပါကကျပ် (၅၀၀၀)ကျပ်ခန့်ကွာခြား၍ ဈေးအနည်းတက်လာပါသည်။ ဆောင်းရာသီဖြစ် ၍ ခရမ်းချဉ်သီးအထွက်နှုန်းနည်းလာသောကြောင့်သော်လည်းကောင်း၊  ခရမ်းချဉ်သီးများလည်း ဈေးကွက်အတွင်းသို့ ဝင်ရောက်လာမှုနည်းပါးခြင်းကြောင့်သော်လည်းကောင်း ဈေးနှုန်းတက်ရ ခြင်းဖြစ်ကြောင်း လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ ခရမ်းချဉ်သီးရောင်းချနေသော ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ကယား)