Main menu

ကန့်ဘလူမြို့နယ်၌ တစ်ပိုင်တစ်နိုင်ကောက်ရိုးမှိုစိုက်ပျိုးသူများ မိသားစုဝင်ငွေရရှိနေ

Powered by Drupal

                    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင်ကောက်ရိုးမှို စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိနေကြောင်း၊ ထိုသို့ကောက်ရိုးမှိုစိုက်ပျိုး ရာတွင် ၆ပေ ၃ပေရှိ မှိုတစ်ဘောင်ကို မှိုမျိုးစေ့ထုတ်(၄)ထုတ်နှင့် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ထုံး အနည်းငယ်၊ ဂျပ်စက္ကူ(၁၀)ပိဿာခန့်၊ ဖွဲနု၊ နွားချေး (၃)အိတ်၊ ဝါး၊ ဗေဒါပင်နှင့် ကောက်ရိုး စသည့်တို့အတွက် ၆၀၀၀၀ ခန့်ကုန်ကျစရိတ်ရှိကြောင်းသိရသည်။

               ကောက်ရိုးမှိုသည် စိုက်ပျိုးပြီး(၁၀)ရက်မြောက်နေ့မှာတော့ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက် ဝင်မှိုတွေကို နှုတ်ယူရောင်းချနိုင်ကြောင်း၊ ကိုယ့်မိသားစုအတွက်လည်း ဟင်းတစ်ခွက်ဖြစ်တာ ကြောင့် အိမ်ခြံဝင်းကျယ်ပြီး မြေပိုရှိတဲ့သူတွေအနေနဲ့ ကောက်ရိုးမှိုကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးသင့် ကြောင်း၊ ကောက်ရိုးမှိုတစ်ဘောင်လျှင် (၁၀)ပိဿာမှ (၁၅)ပိဿာခန့် ထွက်ရှိကြောင်း၊ဈေးကွက်အတွင်းကောက်ရိုးမှို(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်ဖြင့်ရောင်းချရသည့်အတွက် ထိုက်သင့်သည့်အကျိုးအမြတ်ရရှိကြောင်း၊ ကောက်ရိုးမှိုစိုက်ပျိုးရောင်းချသူဦးဝင်းဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)