
ပြည်ခရိုင်အတွင်း စိုက်ပျိုးသောစပါးအမျိုးအစားများမှာ ကရင်မ၊ မှော်ဘီ၊ GW 11၊ ထိုင်းနှံကောက်၊ကျောက်ရွေးစပါး၊ အင်းမစသည့် ဧည့်မထစပါးမျိုးများအများဆုံး စိုက်ပျိုးပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်တွက်ပြည်ခရိုင်၏စပါးစိုက်ဧကမှာ (၂၂၆၄၉၇ )ဧကစိုက်ပျိုးနိုင်ခဲ့ပြိး အထွက်နှုန်းအနေဖြင့် (၉၀.၃၁ )ထွက်ရှိပါသည်။
ပြည်ခရိုင်အတွင်းတွင် မြို့နယ် (၄ )မြို့ရှိပါသည်။ ပြည်၊ ရွှေတောင်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များ ဖြစ်ပါသည်။ မြို့နယ်များထဲမှ ရွှေတောင်မြို့မှထွက်ရှိသော စပါးမျိုးသည် အမျိုးအစား ကောင်းသည့်အတွက် ဈေးကောင်းရရှိပါသည်။ စပါးစတင်ပေါ်ချိန်တွင် စပါးတင်းပေါင်၅၀တင်း(၁၀၀)လျှင်အစိုဓါတ်၄၀%ဖြင့်၁၃၅၀၀၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိပါသည်။ ယခုနှစ်၂၀၂၆ခုနှစ်စပိုင်းတွင် ပေါင် (၅၀ ) တင်း ၁၀၀ဈေးမှာ ၁၄၅၀၀၀၀ ကျပ်ဖြင့်ဈေးအနည်းငယ်မြင့်တက်ခဲ့ပြီး ယခုအချိန်အထိ ဈေးငြိမ်နေပါသည်။
ဆန်ဈေးနှုန်းများအနေဖြင့် အင်းမဆန် (အဟာင်း)တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်၊ကျောက်ရွေး ဆန် (အဟောင်း )တစ်အိတ်လျှင် ၆၅၀၀၀ကျပ်၊ ကျောက်ရွေးဆန်အဟောင်းမှာ ၇၀၀၀၀ကျပ်၊ မနောသုခ အဟောင်းတစ်အိတ်လျှင် ၆၂၀၀၀ကျပ်ဖြင့် ဈေးကွက်တွင်အရောင်းအဝယ်ရှိနေပြီး ဆန်အသစ်ဈေးမှာ အင်းမဆန်တစ်အိတ်လျှင် ၅၅၀၀၀ကျပ်၊ မှော်ဘီဆန်တစ်အိတ်လျှင် ၆၀၀၀၀ကျပ်၊ ကျောက်ရွေး ဆန်တစ်အိတ်လျှင် ၅၈၀၀၀ကျပ်၊ မနောသုခ အသစ်တစ်အိတ်လျှင် ၅၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။ဆန်ကွဲဈေးနှုန်းများမှာ EXTRA တစ်အိတ်လျှင် ၄၂၀၀၀ကျပ်၊ (234 ) တစ်အိတ်လျှင်၃၆၀၀၀ကျပ်၊ဆန်ကွဲ(12)တစ်အိတ်လျှင်၃၈၀၀၀ကျပ်၊ဖွဲနုတစ်ပေါင်လျှင်၃၈၀ကျပ်ဖြင့် အရောင်း အဝယ်ရှိပါသည်။
ပြည်ခရိုင်မှဆန်စီးထွက်မှု့အနေဖြင့် ၂၀၂၅ ဒီဇင်ဘာလတွင် ရန်ကုန်သို့၁၅၀၀၀အိတ်၊ မန္တလေးသို့ ၂၄၆၈ အိတ်၊ တောင်ကြီးသို့ ၇၂၀ အိတ်၊ မကွေးတိုင်းသို့ ၁၈၀၀ အိတ်တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
