Main menu

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ နိုဝင်ဘာလ(၁၆)ရက်နေ့မှ နိုဝင်ဘာလ(၂၂)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၁၆၀၀ မှ ၂၂၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၅၀၀ မှ ၁၅၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၅၀၀ မှ ၁၅၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၂၂၀၀ မှ ၂၈၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၈၀၀ မှ ၂၀၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၅၀၀ မှ ၃၅၀၀ အတွင်း၊ ဘူးသီး(လုံး) ကျပ် ၅၀၀ မှ ၂၅၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၂၀၀ မှ ၂၀၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၃၅၀၀ မှ ၄၄၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၃၀၀၀ မှ ၃၈၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၃၅၀၀ မှ ၄၅၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၁၃၀၀ မှ ၂၀၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၁၅၀ မှ ၂၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၆၅ မှ ၁၀၀ အတွင်း၊ ခရမ်းသီး (ရှည်)(ပိဿာ)ကျပ် ၁၀၀၀ မှ ၁၂၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၉၀ မှ ၂၀၀ အတွင်း၊ ငရုတ်သီး စိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၂၃၀၀ မှ ၂၈၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀၀မှ ၇၀၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခု ရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၁၆၃၈၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ)(၉၃၀၅) ကျော်၊ ဘူးသီးအလုံးပေါင်း (၈၈၄၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၃၃၅၅)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၃၈၅၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၉၀၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၁၄၈၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၂၅၂၀၀)ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။
DOCA(ရန်ကုန်)