
ထားဝယ်မြို့၏ စျေးကွက်အတွင်း ကြံဈေးကွက်မှာလည်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပြီး ကြံကို ထားဝယ်မြို့အနီးတစ်ဝိုက် ကျေးရွာများတွင် တစ်နိုင်တပိုင် စိုက်ပျိုးကြသည့် အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။ ကြံသည် ကြံရည်သာမက ဘုရားပွဲ၊ နတ်ပွဲများ၌ပါ မပါမဖြစ် ဖြစ်သည့်အတွက် ဇန်နဝါရီလ၌ ဈေးပိုကောင်းလျက်ရှိကြောင်းလည်း သိရှိရပါသည်။
ထားဝယ်မြို့ရှိ ဒေသထွက်ကြံစျေးနှုန်းများမှာ (၁)ချောင်းလျှင် (၅၀၀၀)ကျပ်၊ (၁၀) ချောင်းပါ တစ်စည်းလျှင် (၄၅၀၀၀) ကျပ်၊ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
