Main menu

ပေါင်မြို့နယ်ရှိ ကျေးရွာအချို့တွင် စားဖိုဆောင်သီးနှံဖြစ်သည့် ရုံးပတီသီးနှံ စိုက်ပျိုးခြင်းဖြင့် တောင်သူများစီးပွားဖြစ်နေ

Powered by Drupal

      မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ မုတ္တမကျွဲခြံကျေးရွာနှင့်အနီးတဝိုက်ရွာများတွင် စားဖိုဆောင်သီးနှံဖြစ်သည့် ရုံးပတီသီးနှံအား စီးပွားဖြစ်စိုက်ပျိုးလာကြောင်း သိရသည်။

        ရုံးပတီသီးနှံသည် စတင်စိုက်ပျိုးသည်မှ နှစ်လခန့်အကြာတွင် ခူးဆွတ်ရကြောင်း၊ အပင်ပု၊ အပင်လတ်၊ အပင်ရှည် ဟူ၍ (၃) မျိုးရှိရာ အပင်ရှည်သာအစိုက်များပြီး ဈေးကွက် ရရှိထားကြောင်း၊ တစ်ဧကလျှင်မျိုးစေ့အပါအဝင်သွင်းအားစု၊ လုပ်အားခအပြီး စုစုပေါင်း ငွေ ကျပ် (၁၀) သိန်းခန့် ကုန်ကျကြောင်း၊ ရုံးပတီသီးနှံအား တစ်ရက်ကြာလျှင် တစ်ကြိမ် ခူးဆွတ်ရပြီး နှစ်လအထိ ခူးဆွတ်နိုင်ကြောင်း၊ မြေအမျိုးအစား၊ သီးနှံမျိုး၊ သွင်းအားစုအပေါ်မူတည်၍ အထွက်နှုန်းနှင့် ဈေးကွက်အခြေအနေ ကွဲပြားမှုရှိကြောင်း၊ အဆိုပါကျေးရွာရှိ တောင်သူများ မှ ခူးဆွတ်ပြီး သီးနှံများကို ပေါင်မြို့နယ်၊ မင်္ဂလာဈေးရှိ ကုန်စိမ်းဒိုင်များနှင့် မော်လမြိုင်မြို့တို့တွင် ရောင်းချကြောင်း သိရသည်။

      ရုံးပတီသီးသည် ရာသီမရွေး စိုက်ပျိုးနိုင်သဖြင့် တောင်သူများအနေဖြင့် တစ်ဖက် တစ်လမ်းဝင်ငွေရရှိသည့် သီးနှံတစ်မျိုးလည်း ဖြစ်ကြောင်း သိရသည်။

DOCA (မွန်)