
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင် (ဌာနခွဲစာရေး) သည် ၂၂.၁.၂၀၂၆ ရက်နေ့ တွင် မိုးညှင်းမြို့ရှိ စားသုံးသူ (၁၅) ဦးတို့အား မိုးညှင်းခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံ၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါ သည်။
ထိုသို့ ဟောပြောရာတွင် စားသုံးသူ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း၏ အမည်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အွန်လိုင်းမှ ဈေးဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက်၊ အွန်လိုင်းမှလိမ်လည်မှုပုံစံ (၂) မျိုး၊ အွန်လိုင်းရောင်းချမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့် အချက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့် အချက်အလက်များ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှု အခြေအနေ၊ အွန်လိုင်းစနစ် ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အား လိုက်နာ ဆောင်ရွက်ရန်၊ ကုန်သွယ်ရေးဦးစီးဌာန၏ eComReg System ၏ Report နှင့် ပတ်သက်သည့် အသုံးပြုရန် နည်းလမ်းများ၊ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူ ရောင်းချခြင်းပြုရန်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှု ပြစ်ဒဏ်များအကြောင်း တက် ရောက်လာသော စားသုံးသူများအား 1535 Consumer Call Center လိုင်းခွဲ (1) သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့်နည်းလမ်းအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။
DOCA(ကချင်)
