Main menu

ပခုက္ကူဈေးကွက်၌ ဇန်နဝါရီလ(တတိယပတ်)တွင် ပဲစဉ်းငုံသီးနှံ အရောင်းအဝယ်ဖြစ်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ ဇန်နဝါရီလ (တတိယပတ်)တွင် ပဲစဉ်းငုံသီးနှံများ စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ၂၀၂၆ ခုနှစ်၊ သီးနှံပေါ်စ ဇန်နဝါရီလ (ပထမပတ်)တွင် တစ်တင်းလျှင် ကျပ်(၇၉၄၀၀-၈၆၈၀၀)ဈေးဖြင့် အရောင်း အဝယ်ဖြစ် ခဲ့ရာ ပြည်ပဈေးကွက် ဝယ်လိုအားနည်း၍ ဈေးတရိပ်ရိပ်ကျဆင်းပြီး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ပဲစဉ်းငုံသီးနှံကို ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ် အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ အများ ဆုံးစိုက်ပျိုးပြီး ပခုက္ကူပဲဈေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး ယခုရာသီချိန်တွင် တောင်သူများတွင် ပဲလက်ကျန် နည်းပြီး မြို့ပေါ်ရှိ ကုန်သည်များမှ သီးနှံလှိုင်လှိုင်ပေါ်ချိန်တွင် ဝယ်ယူသိုလှောင် ထားသော ပဲစဉ်းငုံနီများ ပြန်လည် ဖြန့်ဖြူးမှုများကြောင်း သိရှိရသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (ဒုတိယပတ်)တွင်  ပဲစဉ်းငုံနီတစ်တင်းလျှင် အမြင့် ဈေး ကျပ်(၈၇၆၀၀-၈၉၀၀၀)၊ (တတိယပတ်)တွင် ကျပ်(၉၀၄၀၀-၉၁၅၀၀)ဈေးဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး (ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ်(၂၈၀၀-၂၅၀၀)ခန့် ဈေးတက်နေပြီး ဈေးကွက်သို့ ကုန်ဝင်သလောက် အ ရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူ ဈေးကွက်သို့ ဝင် ရောက်လာသည့် ပဲစဉ်းငုံနီများကို ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပအိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ပဲစဉ်းငုံသီးနှံသည် ပြည်ပို့ကုန် ပဲတစ်မျိုးဖြစ်၍ ဈေးကွက် ဝယ်လိုအားပေါ် မူတည်ပြီး နေ့စဉ်နှင့်အမျှ ဈေးနှုန်းပြောင်းလဲမှု ရှိကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)