Main menu

နတ်တလင်းမြို့နယ်၌ ဖြစ်ပေါ်နေသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးပစ္စည်းဈေးနှုန်းများ

Powered by Drupal

         နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ ဟိဏ်းထက်ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးပစ္စည်းဆိုင်သို့ သွားရောက်၍  ၂၀၂၆ခုနှစ် ဇန်နဝါရီလ တတိယပါတ်အတွင်း ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးပစ္စည်းဈေးနှုန်းများ အတက်အကျရှိ/ မရှိ ဈေးနှုန်းစုံစမ်းခဲ့ပါသည်။

         ၂၀၂၆ ခုနှစ်    ဇန်နဝါရီလ  တတိယပတ်တွင် ရောင်းချနေသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးပစ္စည်း ဈေးနှုန်းများဖြစ်သော စုစံတံဆိပ်ယူရီးယားအလုံးကြီး ၅၀Kg ၁-အိတ် (၉၇၀၀၀)ကျပ်၊ တီစူပါသံကွင်း ဓါတ်မြေဩဇာ ၅၀Kg ၁-အိတ် (၁၅၃၀၀၀)ကျပ်၊ ဂျာမနီ ထုတ်ပိုတက်ဓါတ်မြေဩဇာ ၅၀Kg ၁-အိတ် (၁၂၅၀၀၀)ကျပ်၊ အာမိုကွန်ပေါင်း-၁၅ပတ်လည် ၅၀Kg ၁-အိတ် (၁၃၀၀၀၀)ကျပ်၊ ပိုးသတ်ဆေး အနေဖြင့် မင်းမဟော်ကုမ္ပဏီမှအီမာဒိုပိုးသတ်ဆေး ()လီတာ၁-ဗူး(၉၅၀၀၀)ကျပ်၊ မြန်မာဩဘာကုမ္ပဏီမှ ဇိုင်ကလုံ ပိုးသတ်ဆေး ()လီတာ၁-ဗူး ၆၈၀၀၀၊ မြန်မာ ဩဘာကုမ္ပဏီမှရှောင်လင် ပိုးသတ်ဆေး ()လီတာ၁-ဗူး (၃၀၀၀၀)ကျပ်၊ မာလာမြိုင်ကုမ္ပဏီမှအမ်လမ်ဒါပိုးသတ်ဆေး ()လီတာ၁-ဗူး (၃၇၀၀၀)ကျပ်၊ အာမိုမှငှက်ကြီးတောင် တံဆိပ်ပိုးသတ်ဆေး  ()လီတာ၁-ဗူး (၃၃၀၀၀)ကျပ်  ဈေးနှုန်း ဖြင့် အရောင်းအဝယ်ရှိပါကြောင်း သိရှိရပါသည်။

        ယခုအချိန်သည် မတ်ပဲရာသီချိန်ဖြစ်သောကြောင့် ပိုးသတ်ဆေးများ အရောင်းသွက်လျှက်ရှိပါကြောင်း၊ မြန်မာဩဘာမှ ရှောင်လင်နှင့် အာမိုမှငှက်ကြီးတောင်ပိုးသတ်ဆေးများအား တောင်သူများ ပိုမိုအဝယ်များကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ပဲခူး)