Main menu

မအူပင်မြို့နယ်တွင် ရောင်းချနေသော ထုံးဖြူ ဇီးသီး ဈေးကွက်

Powered by Drupal

      မအူပင်မြို့တွင် မတ္တရာ၊ ထုံးဘို၊‌ ကျောက်ဆည်မြို့နယ်တို့မှ ဇီးသီးများ မအူပင်မြို့နယ် သစ်သီးရောင်းချမှု ဈေးကွက်တွင် ဝယ်ယူရောင်းချရန် လွယ်ကူသည့် ရာသီပေါ်စားသုံးကုန် ဗမာဆီးသီးများကို ရောင်းချလျက်ရှိပြီး ဗမာဆီးသီးမှာ ပေါ်ဦးပေါ်ဖျား ဆိုသော်လည်း ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်သည့် အသီးတစ်မျိုးဖြစ်သည့်အတွက် ရောင်းအားကောင်းလျက်ရှိကြောင်း သစ်သီးစုံရောင်းချသူ ဈေးသည်တစ်ဦး ထံမှ သိရသည်။

    ဗမာ ဆီးသီးများမှာ ၂၀၂၅ခုနှစ် အောက်တိုဘာလမှ စတင်းဝင်ရောက် ရောင်းချလျက်ရှိနေပြီးဖြစ်ကြောင်း၊ ဗမာဇီးသီး(၁)ပိဿာလျှင် (၂၅၀၀) ကျပ် ရောင်းချရပြီး (၅)ပြည်အထက်ဝယ်လျှင် တစ်ပြည် (၂၀၀၀) ကျပ်နှင့် ရောင်းချပေးကြောင်း၊ အခြားသစ်သီးများကိုလည်း အများဈေးဝယ်ယူပါက လျှော့ဈေးတစ်မျိုးထားကာ ရောင်းချကြောင်း၊ သစ်သီးစုံရောင်းရသည့်အမြတ်ငွေ ၁၈၀၀၀ ခန့် ကျန်ရှိကြောင်း သိရသည်။

    အများပြည်သူများ အလွယ်တကူ စားသုံးနိုင်ရန် ဇီးသီး ၄၀ ကျပ်သားပါ ၁အိတ်လျှင် ၁၀၀၀/- ကျပ်ဖြင့်လည်း ထုတ်ပိုး ရောင်းချကြောင်း၊ အခြားသော ကားများဖြင့်ရောင်းချသူများက ဇီးသီး ၁ပြည်လျှင် ၃၀၀၀/-ကျပ်ဖြင့် ပြန်လည် ရောင်းချကြကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ထုံးဖြူဗမာဇီးသီးများကို ရန်ကုန်သီရိမင်္ဂလာဈေးမှ မှာယူရောင်းချပြီး ဇီးသီး ၁အိတ်လျှင် အချိန် ၂၀ခန့်ပါရှိကြောင်း ၁အိတ်လျှင် ၃၀၀၀၀/-ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ ယခုအခါ ရာသီပေါ်အသီးအနှံများ လှိုင်လှိုင်ပေါများသည့် ဆောင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် သစ်သီးရောင်းချသူများအနေဖြင့် လတ်ဆတ်သည့်သစ်သီးများ ရရှိရေး ချိတ်ဆက်ဝယ်ယူကာ သင့်တင့်သည့်ဈေးနှုန်းများဖြင့် လက်လီ/လက်ကား ပြန်လည်ရောင်းချ ပေးလျက်ရှိကြောင်း သစ်သီးရောင်းသူများထံမှ သိရသည်။

DOCA(ဧရာဝတီ)