Main menu

စားသုံးသူကာကွယ်ရေး ကျောင်း အသိပညာပေးဟောပြောခြင်း

Powered by Drupal

     မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဓနုဖြူမြို့နယ်ရှိ အမှတ်(၇) မူလတန်းကျောင်းတွင် ၂၁.၁.၂၀၂၆ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

        အသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်ပူးပေါင်းပြု လုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးက စားသုံးသူ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြား နိုင်သည့်နည်းလမ်းများအကြောင်းအား လည်းကောင်း၊ ကျိုက်ထိုမြို့နယ်တာဝန်ခံမှ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သော အကြောင်းအရာများကိုလည်းကောင်း ဟောပြောဆွေးနွေးခြင်း၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးမှ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက တိုင်ကြား နိုင်သည့်နည်းလမ်းများအကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။ ဟောပြောပွဲသို့ ကျောငးသား၊ ကျောင်းသူ စုစုပေါင်း (၉၅) တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)