Main menu

ဘိုကလေးမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် ကလေးအာဟာရ ဖြည့်စွက်စာ အမျိုးအမျိုးကွင်းဆင်းစစ်ဆေး

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ ကလေးအာဟာရ ဖြည့်စွက်စာ အမျိုးမျိူးအား ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ဈေးကွက်အတွင်းရောင်းချနေသော ကလေးအားဟာရ ဖြည့်စွက်စာများဖြစ်သည့် Dupro Dumex/ Gold Power/ Mikko Mate တို့တွင် မြန်မာဘာသာဖြင့် ရေးသား ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပါဝင်မှုရှိ/မရှိ ၊ FDA ထောက်ခံချက် ပါဝင်မှုရှိ/မရှိတို့ကို  စိစစ်ခဲ့ပြီး ရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်မှုမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်အသိပညာပေး ဆွေးနွေးခဲ့သည်။ မြို့နယ်တာဝန်ခံက ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအသား ဖော်ပြချက်များ၊ FDA ထောက်ခံချက်များ ၊ ထုတ်လုပ်သည့်ရက်စွဲ၊သက်တမ်းကုန်ဆုံးသည့် ရက်စွဲ တို့ကို ရေးသွင်းဖော်ပြထားသော ကလေးအာဟာရ ဖြည့်စွက်စာ အမျိုးမျိူးသာ ဈေးကွက်အတွင်း ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အရေးယူဆောင်ရွက်မှုများ မရှိခဲ့ပါကြောင်း ကွင်းဆင်းစိစစ်ခဲ့မှုအပေါ် သတင်းရရှိပါသည်။