Main menu

ဘိုကလေးမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်

Powered by Drupal

     ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေး သည် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၂၁) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် စားသုံးသူကာကွယ် ရေးအကြောင်းသိကောင်းစရာများ အသိပညာ ပေး Talk Show ကျင်းပ ပြုလုပ်ဆောင်ရွက်ခဲ့ ပါသည်။

          အဆိုပါ အသိပညာပေးပွဲတွင် မြို့နယ်တာဝန်ခံ က စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉) စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၂) ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေး အကြောင်း၊ အခန်း(၁၈) ပါ ကုန်အညွှန်းမှတ်အသားဖော်ပြခြင်းများအကြောင်းတို့ကို အသိပညာ ပေးဟောပြော ခဲ့ပါသည်။ စားသုံးသူ များ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ပြီး နစ်နာဆုံးရှုံးမှု များ ဖြစ်ပေါ်လာ ပါက တိုင်ကြားနိုင်သည့် Centre များ ဖွင့်လှစ်ထားရှိကြောင်း ၊ စားသုံးသူရေးရာ ဦးစီးဌာန၏ Call Centre 1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး Talk Show ပြုလုပ်ခဲ့မှုအပေါ် သတင်းရရှိပါသည်။

(Doca ဧရာဝတီ)