Main menu

စားသုံးဆီ  လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးတွင် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့တွင် စားသုံးဆီလုပ်ငန်းရှင်များအား  ခရိုင်ဦးစီးမှူးဦးထွေးသိမ်းမှ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

     အဆိုပါဟောပြောရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များ၊ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ အခွင့်အရေးနှင့်တာဝန်များ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှု လုံခြုံစိတ်ချရမှု၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ်တာဝန်ခံမှု၊ ပြစ်မှုပြစ်ဒဏ်များရှင်းလင်းပြောကြားခြင်းနှင့် တက်ရောက်လာသော ဆီလုပ်ငန်းရှင်များမှသိလိုသည်များ မေးမြန်းမှုအပေါ် ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

( Doca ဧရာဝတီ )