Main menu

ဘားအံမြို့ ဒေသထွက် ဘူးသီးဈေးနှုန်း

Powered by Drupal

   ကရင်ပြည်နယ်၊ ဘားအံမြို့၏ ‌ဈေးကွက်တွင် နွေရာသီပေါ်သီးနှံဖြစ်သည့် ဘူးသီးများ လှိုင်လှိုင် ပေါ၍ ဈေးနှုန်းအနည်းငယ်ကျလျက်ရှိကြောင်း သိရပါသည်။ ဘူးသီးကို ဘားအံမြို့အနီးတဝိုက် ကျေးရွာများတွင် တစ်နိုင်တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။ ဘူးသီး ကို ဟင်းနှင့်ဟင်းချိုအဖြစ် ချက်ပြုတ်စားကြသလို အကြော်ဆိုင်များတွင် အကြော်ကြော်၍ ရောင်းချ သောကြောင့် ဝယ်ယူမှုများပြီး စိုက်ပျိုးတောင်သူအတွက် အပိုဝင်ငွေတိုးစေပါသည်။ ဘူးသီးကို အလုံး အရွယ်အစားအလိုက် ဈေးနှုန်းခွဲခြားရောင်းချကြသည်။ ဘူးသီးအလုံးကြီးဈေးနှုန်း တစ်လုံးလျှင် (၅၀၀၀)ကျပ်၊ ဘူးသီးအလတ်ဈေးနှုန်းတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ဘူးသီးအသေးတစ်လုံး လျှင် (၂၀၀၀) ကျပ်တို့ဖြင့် ရောင်းဝယ်လျှက်ရှိကြောင်းနှင့် ပေါ်ဦးပေါ်ဖျားအချိန်များတွင် ဘူးသီး အကြီးတစ်လုံးလျှင် (၆၀၀၀)ကျပ်၊ အလတ် (၄၅၀၀) ၊ အငယ် (၃၅၀၀) ကျပ်ထိ ဈေးနှုန်းဖြစ်ပေါ်တက် ကြောင်း သိရသည်။

DOCA(ကရင်)