
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ)ဦးဆောင်၍ (၂၃.၁.၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ပျဉ်းမနားမြို့၊ ဘောဂသီရိကားဝန်း၊ မော်တော်ယာဉ်လိုင်းပေါင်းစုံကြီးကြပ်မှုကော်မတီရုံးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ မော်တော်ယာဉ်လိုင်းများမှ ဂိတ်တာဝန်ခံများနှင့် မော်တော်ယာဉ်မှူးများ စုစုပေါင်း (၅၅)ဦး တက်ရောက် ခဲ့ပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် များ၏တာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချရာတွင် အွန်လိုင်း ရောင်းချခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ကုန်ပစ္စည်းများတွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသားများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA (ပြည်ထောင်စုနယ်မြေ)
