
ရွှေဘိုမြို့ ဈေးကွက်အတွင်းသို့ ဒေသထွက်မြေထောက်ပဲ(ညို)အသစ်များဇန်နဝါရီလ၊ ဒုတိယအပတ်မှစတင်၍ဝင်ရောက်ခဲ့ပြီး ဇန်နဝါရီလ၊ တတိယအပတ်တွင်ရောင်းချသည့် မြေထောက်ပဲ(ညို)အသစ် ဈေးနှုန်းမှာ (၁)ပြည်လျှင်(၇၅၀ဝိ/-)ကျပ်နှင့်တစ်တင်းလျှင်(၁၂၀၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌
မြေထောက်ပဲ(ညို)(၁)ပြည်လျှင် (၇၅၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ မြေထောက်ပဲ(ညို)အသစ်များ ဈေးကွက်အတွင်းဝင်ရောက်သော်လည်း အရောင်းအဝယ်အေးနေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ပဲပြုတ်ရောင်းချသူများ၊အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
