Main menu

ကလေးမြို့နယ်ရှိ ဆည်တော်ဦးကျေးရွာရှိအခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောခြင်း

Powered by Drupal

             ဇန်နဝါရီလ ( ၂၃ ) ရက်နေ့ နံနက်( ၉:၀၀ )နာရီ အချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲမှူး ရဲမှူးသန့်ဇင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကျော်ကျော်စိုး၊ အမှတ်-၁ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(ကလေး)မှ ဒုရဲမှူး ကျော်ဝင်းသန်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သန်းသန်းဝင်း ဦးစီးအရာရှိတို့သည် ကလေးမြို့နယ် ဆည်တော်ဦး ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမ( ၂၆၅ ) ဦး၊ ကျောင်းသား/သူ ( ၂၅၀ )ဦး စုစုပေါင်း ( ၂၆၅ ) ဦးတို့အား အသိပညာပေးဟောပြောခဲ့ပါသည်။

                           အဆိုပါဟောပြောပွဲတွင် ဦးစွာပထမ ကျောင်းအုပ်ဆရာကြီး ဦးရွှေနန်းစိန်မှ အဖွင့်အမှာ စကားပြောကြားပြီး    မြို့နယ်ရဲမှူး ရဲမှူးသန့်ဇင်က စိတ်ကြွမူးယစ်ဆေးဝါးများအကြောင်း၊ စိတ်ကြွမှူးယစ်ဆေးဝါးတွေမှာ ရာမ၊ ယင်းဆေးစသည့် မူးယစ်ဆေးဝါးများသည် စပျစ်သီး၊ လိမ္မော်သီး၊ ချောကလက်များနှင့် လူငယ်များကိုဆွဲဆောင်နိုင်သည့် ရနံ့မျိုးကို ထည့်သွင်းထားသည့် ထိုဆေးများသည် ဗဟိုအာရုံကြောစနစ်အတွင်းရှိ အာရုံကြောဆက်သွယ်မှု ဓါတုပစ္စည်းများ သဘာဝ ကိုဆန့်ကျင်၍ စိတ်ဓါတ်ကိုတက်ကြွစေသည်။ စိတ်ဓါတ်တက်ကြွစေရန် ဤဆေးများကိုသုံးစွဲလာ ခြင်းကြောင့် ရေရှည်မှာဦးနှောက်နှင့် အာရုံကြောများကို ပျက်စီးသွားစေခြင်း၊ ဆေးများကြောင့် ကိုယ်အပူချိန်တိုးခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အော့အန်ခြင်း၊ အိပ်မပျော်ခြင်းနှင့်  ရုတ်တရက်သေဆုံးခြင်း၊ မိမိကိုယ်ကို သတ်သေခြင်းများဖြစ်စေတတ်ကြောင်း ပြောကြားပြီး၊ အမှတ်(၁၀၈) ယာဉ်ထိန်းရဲ တပ်ဖွဲ့စု (ကလေး)မှ ဒုရဲမှူးကျော်ကျော်စိုးမှအသိပညာပေး( )မျိုးရှိကြောင်း၊  ပြည်သူလူထု ကျောင်းသား/သူ၊ ဇာတ်လမ်းတို တေးသီချင်းများဖြင့် အသိပညာပေးခြင်းများ၊ မတော်တဆမှုများ ဖြစ်ပွားရခြင်းမှာ၊ ယာဉ်မောင်းသူများကြောင့်ဖြစ်ပွားခြင်း၊ ခရီးသွားပြည်သူများကြောင့်ဖြစ်ပွားခြင်း၊ အခြားအကြောင်းအရာများကြောင့်ဖြစ်ရကြောင်း အသိပညောပေးဟောပြောခြင်း၊ အမှတ်-၁ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(ကလေး)မှ ဒုရဲမှူး ကျော်ဝင်းသန်းနှင့် လူကုန်ကူးမှု ဆိုသည်မှာ လူတစ်ဦးသည် အခြားလူတစ်ဦးကို အဓ္ဓမပြည့်တန်ဆာလုပ်ခိုင်းခြင်း၊ အခြားကာမ ဆိုင်ရာ ကိစ္စတစ်မျိုးမျိုးပြုလုပ်ခိုင်းခြင်း၊ အဓ္ဓမအလုပ်ခိုင်းစေခြင်း၊အဓ္ဓမလက်ထပ်ထိမ်းမြားခြင်း၊ကျွန်ပြုခြင်း၊ကျေးကျွန်ကဲ့သို့ခိုင်းစေခြင်း၊ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေခြင်း၊အခြားသူတစ်ယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းစားခြင်းစသည် တို့ကိုပြုရာမှ ငွေကြေးကို သော်လည်းကောင်း၊ အကျိုးအမြတ်တစ်စုံတစ်ရာကိုသော်လည်းကောင်း လက်ခံခြင်း(သို့မဟုတ်) လက်ခံရယူရန် သဘောတူခြင်းတို့ကို ဆွေးနွေးပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန ဒေါ်သန်းသန်းဝင်း ဦးစီးအရာရှိမှ ကလေးငယ်များအား အစားအသောက်များနှင့် မည်သည့်ပစ္စည်း ကိုမဆို ဝယ်ယူစားသုံး/ သုံးစွဲမည်ဆိုပါက FDA ၏ ထောက်ခံချက်များ၊ Expiredate နှင့် ကုန်အညွှန်းအမှတ်အသားများကြည့်ရန်အသိပညာပေးဟောပြောခဲ့ပြီး အခမ်းအနားကို(၁၂:၀၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါကြောင်း သတင်းရရှိရပါ သည်။    

 DOCA(စစ်ကိုင်း)