Main menu

မြောက်ပိုင်းခရိုင်အတွင်း မြို့နယ်များရှိ စားအုန်းဆီရောင်းချသည့် လက်ကားကိုယ်စားလှယ်များအား တွေ့ဆုံဆွေးနွေး

Powered by Drupal

         တိုင်းဒေသကြီး/ ပြည်နယ်များရှိ စားသုံးသူပြည်သူများသို့ စားအုန်းဆီဖြန့်ဖြူးရာတွင် စားအုန်းဆီကုမ္ပဏီများက တာဝန်ယူ၍ ၎င်းတို့ခန့်အပ်ထားသော ဆီထုတ်ကိုယ်စားလှယ် လက်ကား/ လက်လီ ကိုယ်စားလှယ်များက တစ်ဆင့်ဖြန့်ဖြူးရောင်းချသည့်စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ သိရှိနိုင်စေရေးအရေအတွက်မှန်၊ အချိန်မှန်၊ ဈေးနှုန်းမှန်၊ အခြင်အတွယ်မှန်၊ အရည်အသွေးမှန်တို့ မှန်ကန်စွာဆောင်ရွက်ကြစေရေး၊ စာရင်းဇယားများပြုစုထားရှိစေရေးနှင့် ညွှန်ကြားချက်စည်းကမ်းချက်များအပေါ် လိုက်နာဆောင်ရွက်ကြစေရေး ကြီးကြပ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနကွပ်ကဲမှုအောက်ရှိ မြောက်ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံး၌ (၂၇.၁.၂၀၂၆)ရက်နေ့ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူးတို့ ဦးဆောင်၍ ခရိုင်အတွင်း မြို့နယ်များရှိ စားအုန်းဆီရောင်းချသည့် လက်ကားကိုယ်စားလှယ် (၃၈)ဦးတို့အား မြောက်ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် ခေါ်ယူတွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်ရာ၌ လိုက်နာရမည့် ညွှန်ကြားချက်၊ စည်းကမ်းချက်များအပေါ် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)