Main menu

မအူပင်မြို့နယ်အတွင်း စားအုန်းဆီ လက်လီ/လက်ကား အရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်ဈေးဖြင့် ရောင်းချမှု ရှိမရှိ မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

  (၂၆.၁.၂၀၂၆)ရက်နေ့ နံနက် (၀၉:၃၀)နာရီတွင် မအူပင်ခရိုင်၊ မအူပင်မြိုနယ် စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့တွင်ပါဝင်သော မြိုနယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့၊ ဆီလုပ်ငန်းရှင်၊ဆီလက်ကားကိုယ်စားလှယ်နှင့်စားသုံးသူရေးရာဦးစီးဌာနများ ပါဝင်သောပူးပေါင်းအဖွဲ့သည် မအူပင် မြိုနယ်အတွင်း စားအုန်းဆီလက်လီ/လက်ကား အရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဆိုင်းဘုတ်တင်ရောင်းချခြင်း၊နေ့စဉ်ရရှိသည့်ခွဲတမ်းအား စားအုန်းဆီဝယ်ယူ ခွင့်စာအုပ်ဖြင့် ရောင်းချခြင်း၊ အလေးချိန်နှင့်အရည်အသွေးမှန်ကန်မှုရှိမရှိတိုအား ကွင်းဆင်းစစ်ဆေးခဲ့ရာ လက်လီဆိုင်များအနေဖြင့် ထုတ်ပြန်ထားသည့် စားအုန်းဆီ‌ဖြန့်ဖြူးမှုမှတ်တမ်း (၆)မျိုး၊ မှန်(၆)မှန်နှင့်အညီ ရောင်းချနေကြောင်းစစ်ဆေးတွေရှိရပြီး၊ လာရောက်ဝယ်ယူသူများမှ ဈေးနှုန်း၊အလေးချိန်နှင့် တလ(၃)ကြိမ်ဝယ်ယူရရှိပါကြောင်း သိရှိရပြီး အဖွဲ့အနေဖြင့်ရောင်းချသည့် လက်လီဆိုင်များအား မှန်ကန်စွာရောင်းချရန်နှင့်ရောင်းချမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)