Main menu

အလှကုန်ပစ္စည်းများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် အလှကုန်ပစ္စည်းများ တားမြစ်ထားသည့်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် ၂၆-၁-၂၀၂၆ ရက်နေ့နံနက်ပိုင်းက မင်္ဓလာစျေးကြီး၌ ကွင်းဆင်းစစ်ဆေးသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စာသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် တာဝန်ရှိသူများကပူးပေါင်း၍ စျေးအတွင်း ဖြန့်ဖြူးရောင်းချနေသည့် အလှကုန်ပစ္စည်းများအရောင်းဆိုင်တွင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးကောင်းမွန်သည့် အကျိုးအာနိသင်ကောင်းရရှိနိုင်သော အလှကုန်ပစ္စည်းများကို ပြည်သူများ ရောင်းဝယ်သုံးစွဲနိုင်စေရေး၊ FDA တွင် မှတ်တမ်းတင်ထားသော အလှကုန်ပစ္စည်းများကိုသာ ရောင်းချနိုင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ထုတ်ပြန်ထားသည့် (၂/၂၀၂၉) ညွှန်ကြားချက် ကုန်စည်အုပ်စု (စ) အလှကုန်ပစ္စည်းများ (၁၀ဂရမ်) အထက်နှင့် အောက် ကုန်စည်အမျိုးမျိုးအား  ဖော်ရမည့်အချက်များပါဝင်မှု ပြည်စုံစေရေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး၊ အလှကုန်အရောင်းဆိုင်များတွင် တားမြစ်အလှကုန်ပစ္စည်းများ၊ သက်တမ်းလွန် ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် စစ်ဆေးခဲ့သည်။ထို့နောက် တာဝန်ရှိသူများက သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများ၊ တားမြစ်ပစ္စည်းများကို ရောင်းချမှုမရှိစေရေးအတွက် ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)