
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ( ၂၈ ) ရက်၊ နံနက်(၁၀:၀၀)အချိန်တွင် လွိုင်ကော်မြို့၊ လိုင်းပေါင်းစုံကားဂိတ်ရှိ ယာဉ်လိုင်း(၁၆)ခုအား သယ်ယူပို့ ဆောင်ရေးဝန်ဆောင်မှုကိစ္စနှင့် စပ်လျဉ်း၍ ခရီးသည်နှင့်ကုန်ပစ္စည်းတန်ဆာများကို စားသုံးသူများ၏ လိုအင်ဆန္ဒနှင့်အညီ လုံခြုံချောမွေ့စွာဖြင့်ပို့ဆောင်ပေးနေသည့် ပို့ဆောင်ရေးကဏ္ဍသည် အထူးအရေးပါ သည့်အတွက် ခရီးသည်ပို့ဆောင်မှုအခြေအနေများ၊ ကုန်စည်တန်ဆာပေးပို့မှုအခြေအနေတို့အား မိတ် ဖက်ဌာနများဖြစ်သည့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီတို့နှင့်ပူးပေါင်းပြီး အသိပညာပေးကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ မိမိဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သတင်း အချက်အလက်များကို စားသုံးသူများသိရှိစေရန် ကြိုတင်သတိပေးစည်းကမ်းချက်များကို ကားလက်မှတ် ပြေစာနှင့်တန်ဆာခပြေစာများတွင် မဖြစ်မနေထည့်သွင်းဖော်ပြသွားကြရန် ညွှန်ကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။
DOCA(ကယား)
