
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ်ခန့်အပ်တာဝန်ပေး၍စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့်ဈေးကွက်စောင့်ကြည့်စစ်ဆေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊စည်ပင်သာယာရေးအဖွဲ့၊စိုက်ပျိုးရေးဦးစီးဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သောအဖွဲ့ဖြင့်သော်လည်းကောင်းဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းရှိခရိုင်၊ မြို့နယ်များတွင် လစဉ်နှစ်ပတ်တစ်ကြိမ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါ သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှပပျောက် သွားစေရေး တို့အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွင်း ဦးစားပေးဆောင်ရွက်ရန် သတ်မှတ်ထားသော ကုန်စည် (၁၀) မျိုးဖြစ်သည့် အသင့်သောက်အချိုရည်၊ နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုး၊ စည်သွပ်အစားအစာအမျိုးမျိုး၊စားသုံးဆီအမျိုးမျိုး၊ အေးခဲအစားအစာအမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ အရန်သင့် အစားအစာအမျိုးမျိုး၊ အာဟာရဖြည့်စွက်စာအမျိုးမျိုး၊ ကလေးကစားစရာအရုပ်နှင့်ပစ္စည်းအမျိုးမျိုး၊ သွားတိုက်ဆေးအမျိုးမျိုး တို့အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ မှ ဇန်နဝါရီလ ၃၁ ရက်နေ့အတွင်း နှစ်ပတ်တစ်ကြိမ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ (၁၄) ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
