
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ “ဣစ္တိတံ” ဆန်စက်သို့ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီး ဌာနမှ ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့၊ နံနက် ( ၁၁ : ၀၀ )နာရီအချိန်တွင် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက ဆန်စပါး ဈေးကွက်အတွင်း ဈေးနှုန်းအခြေအနေများ၊ ဆန်စပါးအရည်အသွေး ထုတ်လုပ်မှု ပြည့်မိစေရေး၊ အချိန်အတွယ်နှင့်ပတ်သက်၍ သတ်မှတ်ထားသည့်နှုန်းအတိုင်း ပြည့်မီစေရေး၊ ဆန်စက်ရှိ မြေပြင်လက်ကျန်စာရင်းများကို အခြေခံ၍ မြေပြင်သိုလှောင်ထားရှိမှု အခြေအနေများနှင့် ဆန်စက်လုပ်ငန်းရှင်များကို ပူးပေါင်းဆောင်ရွက်ကြရန်၊ လစဉ်မြေပြင် သိုလှောင်မှုအခြေအနေမှန် စာရင်း များကို ဖြည့်သွင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
