
ဖျာပုံမြို့နယ်အတွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ပိုမိုရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင် ဦးစီးမှူး ဦးစိုးမင်းထိုက်နှင့် ဝန်ထမ်းများသည် “ဂုဏ်” မုန့်ဟင်းခါးဖတ်လုပ်ငန်း ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့ နံနက် (၁၀ : ၀၀)နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဖျာပုံမြို့ (၈)ရပ်ကွက်(၁၃)လမ်းရှိ “ဂုဏ်” မုန့်ဟင်းခါးဖတ် လုပ်ငန်းတွင် ဈေးနှုန်းဈေးကွက်အခြေအနေ၊ စွန့်ပစ်ပစ္စည်းများ ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေရန် စနစ်တကျစွန့်ပစ်စေရေး၊ လုပ်ငန်းတွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မိမိတို့ ထုတ်လုပ်သော ကုန်စည်တွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေး၊ ဈေးနှုန်းဈေးကွက် အခြေ အနေများ မေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါသည်။
DOCA(ဧရာဝတီ)
