Main menu

မြင်းခြံမြို့၏စက်သုံးဆီ ဈေးနှုန်းများ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့်  မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်  ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ သတ်မှတ်ရည်ညွှန်းဈေးများအား အပတ်စဉ်သောကြာနေ့တိုင်းထုတ်ပြန်လျက်ရှိကြောင်း  သိရှိရသည်။

    မြင်းခြံမြို့၏ စက်သုံးဆီ အရောင်းဆိုင်များမှာ ပုံမှန်အတိုင်းဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း၊ ၃၀-၁-၂၀၂၆ ရက်နေ့တွင် စက်သုံးဆီတစ်လီတာဈေးများနှုန်းမှာ 92 Octance ဓါတ်ဆီ (၂၄၃၀)ကျပ်၊ 95 Octance ဓါတ်ဆီ (၂၄၇၅) ကျပ်၊ ရိုးရိုးဒီဇယ် (၂၄၉၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၂၇၇၀) ကျပ်ဖြစ်ကြောင်းသိရှိရသည်။ ယခင်တစ်ပတ်တွင် စက်သုံးဆီ တစ်လီတာဈေးနှုန်းများမှာ 92 Octance ဓါတ်ဆီ (၂၄၃၅)ကျပ်၊ 95 Octance ဓါတ်ဆီ (၂၄၇၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၃၉၅)ကျပ်၊ ပရီမီယမ်ဒီဇယ်(၂၇၁၀)ကျပ်ဖြစ်ခဲ့ကြောင်းသိရှိရသည်။ ယခင်အပတ်ထက် ယခုဇန်နဝါရီလ နောက်ဆုံးပတ်တွင်  ပြောင်းလဲခဲ့သော စက်သုံးဆီ တစ်လီတာဈေးများနှုန်းများအနေဖြင့် 92 Octance ဓါတ်ဆီတွင် (၅)ကျပ်လျော့နည်းခဲ့ကြောင်း၊ ရိုးရိုးဒီဇယ်တွင်(၁၀၀)ကျပ်၊ ပရီမီယမ်ဒီဇယ်တွင်(၆၀)ကျပ်မြင့်တက်ခဲ့ပြီး 95 Octance ဓါတ်ဆီတွင် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်းသိရှိရသည်။

DOCA(မန္တလေး)