Main menu

မြင်းခြံမြို၏ရာသီပေါ်တမာရွက်နုဈေးနှုန်းဈေးကွက်

Powered by Drupal

            မြင်းခြံမြို့၊ အေးမြသီတာဈေးနှင့် စံပြဈေးများ၌ စားဖိုဆောင်အုပ်စုဝင် ဟင်းသီးဟင်းရွက်မျိုးစုံ ရောင်းချလျက်ရှိသည့်အနက် ရာသီပေါ်စားတမာရွက်နုများကိုလည်း ရောင်းချလျက်ရှိ ကြောင်း၊ တမာပင်တွင် အရိပ်ရတမာ၊ ရေတမာနှင့် စားတမာဟူ၍ သုံးမျိုးရှိသည့် အနက် စားတမာ သည်စားလို့ရ၍  စားတမာရွက်နုနှင့် စားတမာဖူးများကို လူအများစုက အတို့အမြှပ် အဖြစ်ကြိုက်နှစ်သက်ကြောင်း၊  ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၌ တမာရွက်နု (၅)ကျပ်သားလျှင် (၈၀၀) ကျပ်၊ (၁၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ တမာရွက် နုများကို ဒေသတွင်းရှိ ကျေးရွာများဖြစ်သော နဘူးအိုင်၊ သဲဖြူဝရွာ၊ ဖိုးတုတ်ဖြူရွာနှင့် ရွာစည်ရွာတို့မှ တောင်သူများကိုယ်တိုင် လာရောက်ရောင်းချကြောင်း၊  ပေါ်ဦးပေါ်ဖျားဖြစ်၍ ဈေးကောင်းရရှိ ကြောင်း၊  နေ့စဉ်ကုန်ချိန်ပိဿ (၅)ပိဿာခန့်ရောင်းချရကြောင်း၊ စားသုံးသူပြည်သူများသည် တမာရွက်နုပြုတ် များကို ငပိရည်ဖြင့်တို့စားကြသလို၊ ကိုင်းခရမ်းချဉ်သီးငပိချက်၊ ငံပြာရည်ချက် တို့ဖြင့်လည်းတွဲဖက်၍ အတို့အမြှပ်အဖြစ် စားသုံးကြကြောင်းသိရှိရသည်။ စားသုံးမှုများသောကြောင့် အရောင်းအဝယ်လည်း ကောင်းကြောင်း၊ နဘူးအိုင်ကျေးရွာမှ တမာရွက်နုခူး၍ ရောင်းချသော တောင်သူ၏ပြောပြ ချက်အရသိရှိရသည်။

DOCA(မန္တလေး)