
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဝန်လိုရပ်ကွက် လယ်ယာမြေပေါ်တွင် တောင်သူဦးကြည်ဝင်းသည် ပြောင်းများစိုက်ပျိုးထားကြောင်း သိရှိရပါသည်။ စိုက်ပျိုးမြေမှာ (၁) ဧက စိုက်ပျိုးပြီး မျိုးမှာ လေယာဉ်စိမ်း၊ ဝစီစတာမျိုးဖြစ်ပါသည်။ စိုက်ပျိုးမြေမှာ (၁) ဧကတွင် လေယာဉ်စိမ်း - ဝစီစတာ (၅) ထုတ် ကုန်ကျကြောင်း သိရှိရပါသည်။ တစ်ထုတ်လျှင် (၄၃ဝဝဝိ/-) ကျပ်ရှိကြောင်း သိရပါသည်။ စိုက်ပျိုးစမှာ (၁) သိန်းကုန်ကျပါသည်။ ပြောင်းများဆွတ်ခူးချိန်တွင် (၁)ဧကလျှင် လူ (၂၀) ဦးလိုအပ်ပြီး (၁) ဦးလျှင် ခူးဆွတ်ခ (၁၀၀၀၀ - ၂၀၀၀၀) ကျပ်ပေးရကြောင်း သိရပါသည်။ (၁)ဧကလျှင် စုစုပေါင်းကုန်ကျစရိတ်မှာ (၁၃၉၅ဝဝဝိ/-) ကျပ်ခန့်ကုန်ကျကြောင်း သိရှိ ရပါသည်။ အထွက်ခန့်မှန်းတွက်ချက်မှုအရ (၈၀၀၀) ဖူးခန့်ထွက်ရှိပြီး တစ်ဖူးလျှင် (၅၀၀) ကျပ်နှုန်း ဖြင့် ရောင်းချရကြောင်း သိရှိရပါသည်။ စိုက်ပျိုးတောင်သူ၏ (၁) ဧက အကျိုးအမြတ်ရရှိမှုမှာ (၂၆၀၅ဝဝဝိ/-) ကျပ်ရရှိခဲ့ကြောင်း သိရှိရပါသည်။ အထွက်နှုန်းမှာ စိုက်ပျိုးမြေပေါ်မူတည်ပြီး အထွက်လည်းများနိုင်ကြောင်း မြေကောင်းလျှင်ကောင်းသလို အထွက်တိုးနိုင်ပြီး မကောင်းလျှင် အထွက်နှုန်းနည်းနိုင်ကြောင်း သိရှိရပါသည်။
မြေ (၁)ဧကတွင် ပြောင်းမျိုးလေယာဉ်စိမ်း၊ ဝစီစတာ (၅) ထုတ်ကုန်ကျကြောင်း သိရှိရ ပါသည်။ တစ်ထုတ်လျှင် (၄၃ဝဝဝိ/-) ကျပ်ရှိကြောင်း သိရပါသည်။ စိုက်ပျိုးပြီးမြေဩဇာမှာ ပုလဲ မြေဩဇာကို အသုံးပြုထားပြီး တစ်အိတ်လျှင် (၁၃ဝဝဝဝိ/-) ကျပ်ကုန်ကျကြောင်း သိရပါသည်။ ပိုးသတ်ထားမှ အလန်း (၁) အိတ်ကုန်ကျပြီး တစ်အိတ်လျှင် (၁ဝဝဝဝဝိ/-) ကုန်ကျပါသည်။ ထွန်ယက်ခမှာ (၂)သိန်းကျော် ကုန်ကျကြောင်းသိရပါသည်။ ပြောင်းဖူးများခူးဆွတ်ချိန်တွင် (၁)ဧက လျှင် လူ (၂၀) ဦးလိုအပ်ပြီး (၁)ဦးလျှင် ခူးဆွတ်ခ (၁ဝဝဝဝ - ၂ဝဝဝဝ) ကျပ်ပေးရကြောင်း သိရပါ သည်။ (၁)ဧကလျှင် စုစုပေါင်းကုန်ကျစရိတ်မှာ (၁၃၉၅ဝဝဝ) ကျပ်ခန့် ကုန်ကျကြောင်း သိရှိရပါ သည်။ အထွက်ခန့်မှန်းတွက်ချက်မှုအရ (၈ဝဝဝ) ဖူးခန့်ထွက်ရှိပြီး တစ်ဖူးလျှင် (၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချရကြောင်း သိရှိရပါသည်။ စိုက်ပျိုးတောင်သူ၏ (၁) ဧက အကျိုးအမြတ်ရရှိမှုမှာ (၂၆၀၅ဝဝဝိ/-) ကျပ်ခန့်ရရှိခဲ့ကြောင်း သိရှိရပါသည်။ အထွက်နှုန်းမှာ စိုက်ပျိုးမြေပေါ်မူတည်ပြီး အထွက်လည်းများနိုင်ကြောင်း မြေကောင်းလျှင်ကောင်းသလို အထွက်တိုးနိုင်ပြီး မကောင်းလျှင် အထွက်နှုန်းနည်းနိုင်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
