
ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင်နွေ၊ မိုး ၊ ဆောင်း ဥတုသုံးပါး ညီမျှခြင်းကြောင့် သီးပင်၊ စားပင်များအား စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ခရမ်းချဉ်သီး သီးနှံကို လွယ်ကူစွာ စိုက်ပျိုးလျှက်ရှိပါသည်။ ယခုအချိန်တွင် ရှမ်းပြည်နယ်၊အောင်ပန်း၊ အင်းလေးမှ ထွက်ရှိ သော ခရမ်းချဉ်သီးများ ကျောက်ဆည်ခရိုင်အတွင်းသို့ ဝင်ရောက်လျက်ရှိသလို ၊ မြို့နယ်အတွင်း စိုက်ပျိုးထားသော ခရမ်းချဉ်သီး သီးနှံများလည်း ထွက်ပေါ်နေပြီဖြစ်ပါသည် ။ ခရမ်းချဉ်သီး စျေးနှုန်းအနေဖြင့် ဇန်နဝါရီလတွင် ဗမာခရမ်းချဉ်သီး တစ်ပိဿာလျှင် (၅၀၀၀-၆၀၀၀)ကျပ် ၊ ခရမ်းချဉ်သီး(ရှမ်း) (၁)ပိဿာလျှင် (၄၅၀၀-၅၀၀၀)ကျပ် ရှိခဲ့ရာမှ ဖေဖော်ဝါရီလ ပထမပတ်တွင် ဗမာခရမ်းချဉ်သီး တစ်ပိဿာလျှင်(၄၀၀၀-၄၅၀၀) ကျပ် ၊ ခရမ်းချဉ်သီး(ရှမ်း) (၁)ပိဿာလျှင် (၃၅၀၀-၄၀၀၀)ကျပ် စျေးနှုန်းများဖြင့် ရောင်း ဝယ်လျက်ရှိပြီး ယခင်လနှင့်ယခုအပတ်နှိုင်းယှဉ်ပါက ခရမ်းချဉ်သီးစျေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း ခရမ်းချဉ်သီးရောင်းချသည့် စျေးသည်များထံမှ သိရှိရပါသည်။
DOCA(မန္တလေး)
