Main menu

ညောင်ဦးမြို့မဏိစည်သူဈေးရှိအခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

    ညောင်ဦးမြို့နယ်အတွင်းရှိ မဏိစည်သူဈေးတွင် သစ်သီးဝလံဟင်းသီးဟင်းရွက်၊ မုန့်မျိုးစုံ၊ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများနှင့် အသားငါးမျိုးစုံရောင်းချလျက်ရှိကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ရောင်းချလျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများ အနေဖြင့် ပေါ်ဆန်းမွှေးဆန် တစ်ပြည်လျှင် (၇၅၀၀-၇၆၀၀) ကျပ်၊ ဆီ(စားအုန်းဆီ) ၁ပိဿာ လျှင် (၇၀၀၀-၇၂၄၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ ကြက်သွန်နီ ၁ ပိဿာလျှင် (၁၅၀၀-၂၀၀၀) ကျပ်၊ ကြက်သွန်ဖြူ ၁ ပိဿာလျှင် (၆၅၀၀ - ၇၀၀၀) ကျပ်၊ ဆိတ်သား ၁ ပိဿာလျှင် (၄၀၀၀၀) ကျပ်၊ ဝက်သား(သုံးထပ်သား) ၁ ပိဿာလျှင် (၃၅၀၀၀) ကျပ်၊ အမဲသား ၁ ပိဿာလျှင် (၃၀၀၀၀) ကျပ်၊ ငါးမြစ်ချင်းအကောင်လိုက် ၁ ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ကြက်သား(မွေးမြူရေးကြက်) အကောင်လိုက် ၁ ပိဿာ လျှင်(၂၀၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၄၀၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၆၀၀) ကျပ်ပေါက်ဈေး များဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက  ယခုလတွင်ကြက်သွန်နီ(မိုး)၊ ကြက်သား၊ ဆိတ်သားဈေးများမှာ ဈေးနှုန်းမြင့်တက်ခဲ့ပြီး စားအုန်းဆီ၊ ကြက်သွန်ဖြူများမှာ ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ ဝက်သား၊ ငါး၊ ပဲဆီသန့်ဈေးများမှာ တည်ငြိမ်လျှက်ရှိကြောင်း ‌ဈေးကွက်မှသိရှိရသည်။

DOCA(မန္တလေး)