Main menu

နွားထိုးကြီးမြို့နယ်ရှိကွမ်းစိုက်ပျိုးထားရှိမှု၊တစ်ဧကကုန်ကျစရိတ်နှင့်အကျိုးအမြတ်

Powered by Drupal

     နွားထိုးကြီးမြို့နယ်သည် ဥယျာဉ်ခြံမြေများ များစွာစိုက်ပျိုးလျက်ရှိရာ ကွမ်းခြံများကိုလည်း ကံနှောင်းရွာ၊ နနွင်းတော်ဘိုးရွာ၊ ကံရွာနှင့် လက်ဝဲ၊ မြင်းနီကျေးရွာများတွင် စိုက်ပျိုးထားကြောင်း သိရှိရသည်။ ၂၀၂၅-၂၀၂၆ခုနှစ်၊ နိုဝင်ဘာလ၌ နွားထိုးကြီးမြို့နယ်၏ ကွမ်းစိုက်ပျိုးဧက ၄၉၈ ဧကစိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ကွမ်းနုဝါမျိုးကို အများဆုံး စိုက်ပျိုးကြကြောင်း၊ ကွမ်းကို စိုက်ပျိုးပြီး ၅-၆ လခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီး  နေရာဒေသ၊ မြေအနေအထားနှင့် ကွမ်း မျိုးကောင်းမျိုးသန့်အပေါ်မူတည်၍  ၃ နှစ်မှ ၅ နှစ်အထိ ခူးဆွတ် ရရှိနိုင်ကြောင်း၊  စိုက်ပျိုးမှုကုန်ကျ စရိတ်အနေဖြင့် ပျိုးပင်၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၇၅)သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် ကွမ်းရွက်ကို ၁၀ ရက်ခြား တစ်ကြိမ်ခူးဆွတ်ရ ပြီး တစ်ကြိမ် ခူးဆွတ်လျှင် ၂၀-၂၅ ပိဿာခန့် ထွက်ရှိ၍ တစ်လလျှင် ပိဿာချိန် ၅၀-၅၅ ခန့် ထွက်ရှိရာ ကွမ်းပင်များ ဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းဈေး ကွမ်းခြံတစ်ခြံစိုက်ပျိုးထားလျှင် (၄-၅)နှစ်ခန့်အထိ ခူးဆွတ်ရောင်းချရကြောင်း၊ ၂၀၂၆ ခုနှစ်၊ဖေဖော်ဝါရီလ၌ နွားထိုးကြီးမြို့ရှိ ကွမ်းခြံဈေးကွက်၌ ကွမ်းရွက်(ရိုးရိုး) တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ကွမ်းနုဝါတစ်ပိဿာလျှင် (၂၉၀၀၀)ကျပ်ခန့် ပေါက်ဈေးများရှိကြောင်း၊  တောင်သူများအနေဖြင့် မြင်းခြံမြု့ရှိ ကွမ်းရွက်အဝယ်ဒိုင်များသို့ လာရောက်ရောင်းချကြောင်း၊ ကွမ်းဒိုင်သွင်းဈေးမှာ ကွမ်းရွက်(ရိုးရိုး) တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ ကွမ်းနုဝါတစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း၊ ကွမ်းပင်သည် အသန့်အပြန့်ကြိုက်ပြီး အပင်ပြုစုယုယမှုအပေါ်တွင် ကွမ်းအထွက်နှုန်း ကောင်းနိုင်ကြောင်း ၊ ကွမ်းရွက်စိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ်ဝင်ငွေတိုးသဖြင့်  ကွမ်းပင်များကို တိုးချဲ့ စိုက်ပျိုးသင့်ကြောင်း ကွမ်းစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)