Main menu

သမုန်းကိုင်းကျေးရွာ၌ပဲတောင့်ရှည် စိုက်ပျိုးထားရှိမှုနှင့် တစ်ဧကအကျိုးအမြတ်ရရှိမှု

Powered by Drupal

          မြင်းခြံမြို့နယ်၊ သမုန်းကိုင်းကျေးရွာရှိ ဥယျာဉ်ခြံမြေများ၌ စားဖိုဆောင်သီးနှံများ စိုက်ပျိုး လျက်ရှိပြီး ပဲတောင့်ရှည် ဟင်းသီးဟင်းရွက်ပင်များကို စီးပွားဖြစ်တစ်နိုင်တစ်ပိုင် စိုက်ပျိုးထား ကြောင်းသိရှိရသည်။ ပဲတောင့်ရှည်များစိုက်ပျိုးရာတွင် မျိုးအနေဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ ကတ္တီပါ အနီရောင် မျိုးများကိုသာစိုက်ပျိုးကြောင်း၊ မြေအမျိုးမျိုးတွင် စိုက်ပျိုး၍ရကြောင်း၊ မြေကောင်းလျှင် အထွက်ပိုကောင်းကြောင်း၊ စိုက်ပျိုးရာတွင် ရေမဝပ်သောမြေတွင် စိုက်ပျိုးပြီး ထွန်ရေးအသင့်အတင့် ဖြင့် စိုက်ပျိုးနိုင်ကြောင်း သိရှိရသည်။ တိုင်‌ထောင်ပဲကို တစ်တန်းနှင့် တစ်တန်းသုံးပေခြား၍ တစ်ပင်နှင့်တစ်ပင်(၉-၁၀)လက်မခွာ၍စိုက်ပျိုးကြကြောင်း၊ အပင်များရှည်လာသောအခါ အနည်းဆုံး (၇)ပေခန့်ရှည်သော ဝါးတိုင်(သို့မဟုတ်)သစ်သားတိုင်များကို အပင်၏တိုင်ခြေတွင် ထောင်ပေးရ ကြောင်း၊ အပင်ခြေတွင် ရေမဝပ်ရန် သတိပြုရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီး (၃၀)ရက် အကြာတွင် ပဲတောင့်ရှည်များကို အစေ့နုသောအချိန်တွင်ခူးဆွတ်ရကြောင်း၊ အထွက်နှုန်းအနေဖြင့် မြေအမျိုး အစားပေါ်မူတည်ပြီး တစ်ဧကလျှင် အထွက်နှုန်း(၄၀၀)ပိဿာခန့်ထွက်ရှိကြောင်း၊ တစ်ဧက ကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ ၊မြေပြင်ခ၊ ဝါးဖိုး၊ စိုက်ပျိုးစရိတ်အပါအဝင် (၁,၀၅၀,၀၀၀)ကျပ်ဝန်းကျင် ကုန်ကျကြောင်း၊ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၌ စိုက်ခင်းအရောက် ဈေးနှုန်းမှာ တစ်ပိဿာလျှင်(၄,၅၀၀)ကျပ်၊ လက်ကားဈေးတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၆,၀၀၀) ကျပ်ခန့်ရရှိကြောင်း၊ တောင်သူအကျိုးအမြတ်အနေဖြင့် (၆၀၀,၀၀၀) ကျပ်ခန့် ရရှိကြောင်း၊ တောင်သူများအနေဖြင့် ကာလတိုအတွင်း စီးပွားရေးတွက်ခြေကိုက်သော သီးနှံဖြစ်ကြောင်း ပဲတောင့်ရှည် စိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA(မန္တလေး)