
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၅.၂.၂၀၂၆ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၉၁၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၉၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ် အိတ်လျှင် ၃၁၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၆၀၀၀၀ ကျပ်ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ၊ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် (၁၉၀၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ ယခင်တစ်ပတ်တွင် မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၉၅၀၀ ကျပ်ခန့်ရှိရာမှ ယခုတစ်ပတ်တွင် ၉၁၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ် ပိဿာလျှင် ၉၄၀၀ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၉၀၀၀ ကျပ်ခန့်၊ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ် လျှင် ၃၀၀၀၀၀ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၃၁၀၀၀၀ ကျပ်ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ သိရှိရပါသည်။
DOCA (ရန်ကုန်)
