Main menu

မိတ္ထီလာမြို့ကြက်သွန်ဖူးဈေးနှုန်း/ဈေးကွက်

Powered by Drupal

    မိတ္ထီလာဈေးကွက်တွင်ရာသီစာသီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်ဖူးများ အရောင်းသွက်ကြောင်းသိရသည်။ ကြက်သွန်ဖူးကိုဒေသတွင်း စားသုံးသူများက ရေနွေးဖျောကာ သုပ်၍တစ်မျိုး၊ ကြော်၍ တစ်သွယ်စားသုံးသည့်အပြင် အချဉ်ရည်ချက်ရာတွင်လည်း  ထည့်စားသုံးသောသီးနှံ ဖြစ်ပါသည်။ ကြက်သွန်ပင်စိုက်ပျိုးရာမှ မျိုးသီးနှံအတွက်မဟုတ်လျင် စားသုံးရန်အဓိကဖြစ်သော သီးနှံဖြစ်၍ ဈေးကွက်၌ ရောင်းချရသောသီးနှံဖြစ်ပါသည်။ ထိုသို့ဒေသတွင်း ဝယ်လိုအားရှိသော ကြက်သွန်မြိတ်ကို မိတ္ထီလာဈေးကွက်တွင် အစည်းသေးတစ်စည်းလျှင် (၅၀၀/)ကျပ်ဖြင့် ရောင်းချခဲ့သော်လည်း ယခုအခါ (၁၀၀၀/) ကျပ်လျှင် (၃)စည်းဖြင့် အရောင်းသွက်ကြောင်းသိရပါသည်။

DOCA(မန္တလေး)